တစ်ခါကရွာတစ်ရွာမှာ လမ်းဖောက်ရန်တိုင်းတာနေတဲ့ အင်ဂျင်နီယာကို တခြားရွာသားတစ်ယောက်က တအံ့တသြနဲ့ရပ်ကြည့်နေတယ်။ ဒါကြောင့် လမ်းဖောက်နေတဲ့ အင်ဂျင်နီယာ က အဲ့ဒီရွာသားကိုမေးလိုက်တယ်။
အင်ဂျင်နီယာ ။ ။ ခင်ဗျား ...ဒီလိုလမ်းဖောက်ဖို့တိုင်းနေတာကိုမမြင်ဖူးဘူးလား.....
ရွာသား ။ ။ ဟုတ်ကဲ့ မမြင်ဖူးပါဘူး....
အင်ဂျင်နီယာ ။ ။ ဒါဆို...ခင်ဗျားတို့ ရွာမှာဆိုရင် ဘယ်လိုလုပ်သလဲ...
ရွာသား ။ ။ မြည်းအို ကြီးတစ်ကောင်ရှာပြီးတော့ ဖောက်မယ့်နေရာဘက်ကို ဦးတည်ပြီးလွှတ်ပေးလိုက်တာပဲ..
ပြီးမှ သူသွားတဲ့ လမ်းအတိုင်းနောက်ကလိုက်ဖောက်တာ....မြည်းအိုကြီးဆိုတော့ သူက
မြန်မြန်ရောက်နိုင်မယ့် လမ်းကိုရှာပြီးသွားတယ်လေ...
အင်ဂျင်နီယာ ။ ။ ဟုတ်ပါပြီ.......အဲဒီလို မြည်းအိုကြီးမရှိခဲ့ ရင်ရောဗျာ... ဘယ်လိုလုပ်မလဲ
ရွာသား ။ ။ အဲဒီလိုဆိုရင်တော့ .....အင်ဂျင်နီယာ ငှားလိုက်တာပဲဗျ
မုဆိုးကျော်
တစ်ခါက လယ်သမားတစ်ဦးရဲ.ခြံထဲမှရှိတဲ.သစ်ပင်ပေါ်မှာ ဝက်ဝံတစ်ကောင်ရောက်နေတယ်
လယ်သမားကတွေ.လဲတွေ.ကော ဝက်ဝံဖမ်းတဲ.လူဆီကိုဖုန်းဆက်တယ်
မကြာခင်မှာ ဝက်ဝံဖမ်းတဲ.လူက သေနတ်တစ်လက်၊ခွေတစ်ကောင်နဲ.ရောကလာတယ်၊
သူကဘေနတ်ကို လယ်သမားကြီးကိုပေးထားတယ်၊
ပြီးတော.သူကဘယ်လို.ဖမ်းမယ်ဆိုတာကိုလယ်သမားကြီးကိုပြောပြတယ်
"ကျွန်တော်က သစ်ပင်ပေါ် တက်ပြီး သစ်ကိုင်းကိုလှုပ်ချမယ်၊ ခွေးက ဝက်ဝံငယ်ပါ ကိုပြေးကိုက်လိမ်.မည်
ပြီးမှအသာလေးဖမ်းရုံပဲ"
လို.ဝက်ဝံဖမ်းတဲ.လူကပြောတာ.
လယ်သမားကြီးက" ဒါဆိုဒီသေနတ်ဘာလုပ်ဖို.လဲ" လို.မေးတာပေါ.
ဝက်ဝံဖမ်းတဲ.လူက " ကျွန်တော်ကသစ်ပင်ပေါ်တက်ရင်ပြုတ်ကျတတ်တယ်လေ ၊
ဒါဆိုရင် ကျွန်တော်ခွေးကို အသေသာပစ်သတ်လိုက် ညှာမနေနဲ."တဲ.
No comments:
Post a Comment