Thursday, August 11, 2011

လောကနီတိ၏


>>> အသံတိတ်၏ အဟန့်
>>>
>>> တစ်ယောက် အပေါ် တစ်ယောက်အလိုမကျ အားမရသဖြင့် စိတ်ကောက် ဆန္ဒပြခြင်းသည်
>>> တစ်ဖက်သား၏ စိတ်ဝယ်ရေနွေး အဖျောခံနေရသော ကြမ်းပိုးတစ်ကောင်ထက် အထိနာ၏။
>>> ရန်သူ၏လက်သည်းအခွံခွာ ညှဉ်းဆဲသည် ထက်လည်း အထိနာ၏။
>>> နေပူကြီး၏အတွင်း တိမ်ပုပ်ဆင်းစဉ် ကာလ ထက်လည်း အခံရဆိုး၏။
>>> အသက်ရှုလမ်းကြောင်း အရာဝတ္ထု တစ်ခုဖြင့် ဆို့ပိတ်ခံရ သည်ထက်လည်းဆိုး၏။
>>> စင်စစ် တို စိတ်ကောက်ခြင်းသည်မိမိ မကျေနပ်သော စကားလုံးကို တစ်ဖက်သား
>>> ထုချေခွင့် အလျဉ်းမပေးပဲ တစ်ဖက်သတ်ပြောကြားနေခြင်းပင်။
>>> လိုချင်သူယူမလားသွားမမေးနှင့် 
>>>
>>> အကြင်သူသည် မိမိသို့သော်၎င်း၊ မိမိပိုင် ပစ္စည်းကို သော်၎င်း၊
>>> အာရုံညွတ်၊ စိတ်ကလည်း ဆွတ်ချူရန် အကွက်ချောင်း လျက်ကရှိ၏။
>>> ထိုသူ့အားပျူငှာလောကွတ် အဖြစ်ဖြင့်ပင် မဆက်ဆံသင့်။
>>> အားနာခြင်း ရှေ့သွားဖြင့် လည်း မကမ်းလင့်သင့်။
>>> ပြုကျင့်မိချေသော်ကျားရှေ့ မှောက်လျက်လဲသူပမာ
>>> အထိနာပေတော့မည်။
>>> ရာသီချိုး တစ်မိုးသာရွာ
>>>
>>> မိုးသည်နွေ ၊ မိုး ၊ ဆောင်းသုံးရာသီပြောင်းတွင် မိုးတွင်းမှသာ ရွာ၏။ သွန်း၏ ။
>>> ကျန်ရာသီများ ၀ယ်မရွာမသွန်း၊လူတို့တွင် လည်းပထမ၊ ဒုတိယ ၊ တတိယတည်း
>>> ဟူသော အရွယ်သုံးပါးတို့တွင် တစ်ရွယ်သာလျှင် အကျိုးပေးသန်လာတတ်ချေသည်။
>>> ထိုအကျိုးပေးတို့  သန်ချိန်မစုမိ၊ မဆောင်းမိ၊ မပေါင်းမိ၊ မစည်းမိပါသော်ကား
>>> တောင်ပေါ်နေသမား မိုးရွာချိန်ရေခံ မထားမိသဖြင့်ဆောင်းလျှင် ရေစမ်း၊ နွေ
>>> ရေခမ်းသော ကြောင့် ၀မ်းမအေး ကိုယ်မလန်း စိတ်ပါညှိုးနွမ်းရ တော့သည်ပမာ
>>> အနေလည်း မလှ၊ အသေလည်း မလှ၊ ဒုက္ခ ခွေကြီး ကျတတ်လှချေသည်။
>>> နေ့စာရင်း ညတွင်းချင်း စစ်ကြည့်စမ်းပါ…
>>>
>>> လူ့ဘo သည် အနေတတ်အမြတ် ထွက်ပြီး
>>> အနေမတော် အရှူံးပေါ် သည်ချည်းဖြစ်ရာ..
>>> နေ့တစ်နေ့ ၏ မိမိကြံစည်သော စိတ်ထား၊
>>> နေ့တစ်နေ့၏ မိမိပြုကျင့်သော လုပ်ကွက်များ
>>> ညအိပ်ရာမ၀င်မီ နဖူးလက်တင် ဆင်ခြင်ကြည့်ပါလေ။
>>> ထိုသို့ ဆင်ခြင်ကြည့်တိုင်း
>>> မိမိ၏ ကြံ၊ ပြော၊ လုပ် သုံးခုစလုံး တို့ တွင်ပင်လျင်
>>> လိုချင်စိတ်ထား အားကြီးနေသော် ပြိတ္တာ သွားရန်စရံ။
>>> မလိုမုန်းထား အားကြီးနေခဲ့သော် ငရဲသွားရန် စရံ။
>>> မသိမိုက်မှား၊ အလိုက်စား လွန်နေသော် တိရိစ္ဆာန် သွားရန် စရံ။
>>> အလိုမမက် အမျက်မရှိ၊ သတိလက်စွဲ၊ စိတ် နှင့ိကိုယ် အသိမြဲနေခဲ့သော်ကား
>>> အထက်တန်းသွား လက်မှတ်များ ကြိုတင်ရထားပြီးသူ တထစ်ချ မှတ်ပါလေ။
>>> သင့်လက်ထဲရှိ ရန်မိတ်နှစ်ဦး
>>>
>>> လောကတွင်အချစ်ရဆုံး အားအထားရဆုံးသည်သင့်အတွက် သင်သာလျှင်ဖြစ်ချေသည်။
>>> အဘယ်ကြောင့်ဆိုသော်….
>>> သင့်ဘ၀၏တိုးတက်ကောင်းစားရေးများနှင့်တကွသင့်ဘ၀လွတ်မြောက်ရေးများကို
>>>
>>> သင့်ကိစ္စသင်မှတစ်ပါးမည်သူတစ်ဦး၊ တစ်ယောက်ကမျှဝင်ရောက်ကူညီမပေးနိုင်
>>> သောကြောင့်တည်း။
>>> လောကတွင်အကြောက်ရဆုံး၊စိတ်မချရဆုံးလည်းသင့်အတွက်သင်မှတစ်ပါး အခြားမရှိချေ။
>>> အဘယ်ကြောင့်ဆိုသော်.
>>> သင့်ဘ၀၏ ဆိုးကျိုး ဆိုးပြစ်များ နှင့်
>>> နစ်နာစရာကိစ္စမှန်သမျှသင့်စိတ်မပါဘဲလျက်ကလည်းကောင်း၊
>>>
>>> သင့်အလိုမတူဘဲလျက်ကလည်းကောင်း၊ မည်သူကမျှ ဖျက်ဆီး ခွင့်မရလေသောကြောင့်တည်း။

No comments:

Post a Comment