Friday, September 16, 2011

မောင်စောင်းနှင့်သူ၏ဆရာနှင့် အမေးအဖြေများ

ဆရာ ။ ။ ၁၈၀၉ ခုနှစ်က ဘာနှစ်လဲ ။

မောင်စောင်း ။ ။ အေဘရာဟမ်လင်ကွန်း(Abraham Lincoln) မွေးဖွားခဲ့သည့်နှစ်ဖြစ်ပါသည်။

ဆရာ ။ ။ ၁၈၁၉ ခုနှစ်ကရော ဘာနှစ်လဲ ။

မောင်စောင်း ။ ။ အေဘရာဟမ်လင်ကွန်း(Abraham Lincoln) အသက်၁၀နှစ် ပြည့်တဲ့နှစ်ဖြစ်ပါသည်။




ဆရာ ။ ။ မင်းကို ပိုက်ဆံ ၂၀ ပေးပြီး မင်းဆီက ၁၀ ပြန်ချေးရင် မင်းမှာပိုက်ဆံဘယ်လောက်ကျန်မလဲ။

မောင်စောင်း ။ ။ ၂၀ ပါ ။

ဆရာ ။ ။ ဘာကြောင့်လဲ ။

မောင်စောင်း ။ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲ့ဒီ ၁၀ ကိုလုံးဝ ချေးမှာ မဟုတ်လို့ပါ ။





ဆရာ ။ ။ မောင်စောင်း .. မြေပုံထဲမှာ မြောက်အမေရိကတိုက် ဘယ်မှာရှိပါသလဲ ရှာကြည့်စမ်း ။

မောင်စောင်း ။ ။ ဒီမှာပါ ဆရာ ။

ဆရာ ။ ။ မှန်တယ် …တော်တယ် … ကဲ … တပည့်တို့ရေ အမေရိကတိုက်ကို စတင်ရှာဖွေတွေ့ရှိခဲ့သူက ဘယ်သူပါလဲ ။

တပည့်များ ။ ။ မောင်စောင်းပါ ဆရာ ။






ဆရာ ။ ။ မင်းကို ဒီနေ့ ကြောင် ၂ ကောင်ပေးမယ်။ မနက်ဖြန်ကျရင် ၂ ကောင်ထပ်ပေးမယ်။ အဲ့ဒါဆို

မင်းမှာကြောင် ဘယ်နှကောင်ရှိမလဲ ။

မောင်စောင်း ။ ။ ၅ ကောင်ပါ ဆရာ ။

ဆရာ ။ ။ ဘယ်လိုဖြစ်လို့လဲကွ ။

မောင်စောင်း ။ ။ အခု ကျွန်တော့်အိမ်မှာ တစ်ကောင်ရှိပြီးသားမို့လို့ပါ ဆရာ ။





စာသင်ခန်းထဲ ကျောင်းသားအသစ်တစ်ယောက် ရောက်လာသည်။ ဆရာက ပထမဆုံးနာမည်မေးသည်။

မွေသက္ကရာဇ် မေးသည်။ အဖေ နာမည်မေးသည်။ ပြီးမှ …..

“နင့်အဖေက ဘာအလုပ်လုပ်တာလဲ”

“အမေခိုင်းသမျှပါ ဆရာ”





ဆရာ ။ ။ မင်းအိတ်ကပ်ထဲမှာ အကြွေစေ့ ၄ စေ့ရှိမယ်။ အပေါက်တစ်ပေါက်ရှိတယ်။ အကြွေစေ့တွေက အပေါက်ကနေ အကုန်ထွက်ကျကုန်ရင် မင်းမှာ ဘာတွေကျန်မလဲ ။

မောင်စောင်း ။ ။ အပေါက်ကျန်မယ် ဆရာ ။





ဆရာ ။ ။ ငါစာသင်နေတဲ့အချိန်မှာ မင်းကသူငယ်ချင်းတွေနဲ့စကားအမြဲပြောတယ်။ မင်းကို ရိုက်ရမယ်။

မောင်စောင်း ။ ။ အမြဲမဟုတ်ပါဘူး ဆရာ … အိပ်ငိုက်နေတဲ့အချိန်မှာ ကျွန်တော်မပြောပါဘူး ။





ဆရာ ။ ။ ပင်လယ်ရေတွေ ဘာကြောင့်ငန်ပါသလဲ ။

မောင်စောင်း ။ ။ ဆားတင်တဲ့သင်္ဘောကြီးရေနစ်သွားတာ ထင်တယ် ။





ဆရာ ။ ။ မင်းက စာလုံးပေါင်းတွေအရမ်းညံ့လို့ ဒီစာကြောင်းကို ၁၀ ခါရေးခိုင်းတာ ဘာလို့ ၄ ခါပဲရေးရတာလဲ ။

မောင်စောင်း ။ ။ ကျွန်တော် စာလုံးပေါင်းတွေမှာ ညံ့ရုံမက သင်္ချာလည်းညံ့တယ် ဆရာ ။





ဆရာ ။ ။ A=B, B=C , ဒါကြောင့် A=C ရပါတယ် ။ဒီပုစ္ဆာကို ဥပမာတစ်ခုနှင့်သက်သေပြပါ ။

မောင်စောင်း ။ ။ A= ကျွန်တော်က , B= ဆရာ့ကိုချစ်သည်, C= ဆရာက ဆရာ့သမီးကိုချစ်သည် , ဒါကြောင့်

A=C - ကျွန်တော်က ဆရာ့သမီးကို ချစ်သည်။





မောင်စောင်း ။ ။ ကျွန်တော်တို့ဆရာက ရူးသွားပြီထင်တယ် ။

သူငယ်ချင်း ။ ။ ဘာဖြစ်လို့လဲဟ ။

မောင်စောင်း ။ ။ မနေ့ကသူပြောတာ ၃ လေးခါဆို ၁၂ တဲ့။ ဒီနေ့ပြောတော့ ၆ နှစ်ခါက ၁၂ တဲ့ ။





မောင်စောင်း ။ ။ ကျွန်တော် ဘာမှမလုပ်ရပဲနဲ့ ဆရာအရိုက်ခံရတယ် ။

သူငယ်ချင်း ။ ။ ဟုတ်လား….. အဲ့ဒီဆရာက မကောင်းဘူးနော် ။

မောင်စောင်း ။ ။ ဟုတ်တယ် ။ ကျွန်တော် မနေ့က ဘာအိမ်စာမှမလုပ်ခဲ့ဘူး ။

အနာဂတ်ကောင်းကင်မှကူးယူသည်

No comments:

Post a Comment